Local News

မုံရွာကြက်သွန်နီဈေး အနည်းငယ်တက်

Last Updated:

မုံရွာကြက်သွန်နီဈေး အနည်းငယ်တက်

          မုံရွာ စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူများသည် တောင်သူများ၏လက်ထဲတွင် လက်ကျန်နည်းလာပြီး ကုန်သည်၊ပွဲစားများ၏ လက်ထဲတွင်သာရှိနေသောကြောင့် အဝင်နည်းလာသဖြင့် ဈေးနှုန်းမှာ တဖြည်းဖြည်းမြင့်တက်နေပါသည်။ မုံရွာပွဲရုံသို့ နေ့စဉ်ဝင်ရောက်မှုမှာ ပိဿာချိန် (၂၀၀၀၀)ခန့်သာ ဝင်လျှက်ရှိပြီး ရန်ကုန်၊ မန္တလေးနှင့်ချင်းတွင်းမြစ်ရိုးတစ်လျှောက် တင်ပို့လျှက်ရှိပါသည်။

          ယခုတစ်ပတ် ပွဲရုံများတွင် ကြက်သွန်နီလက်ကား တစ်ပိဿာပေါက်ဈေးနှုန်းမှာ (ကြီး) ၂၂၀၀ကျပ်၊ (လတ်) ၂၀၀၀ကျပ်၊ (သေး) ၁၈၀၀ကျပ်ရှိပြီး၊ ကြက်သွန်နီလက်လီ တစ်ပိဿာပေါက်ဈေးနှုန်းမှာ (ကြီး) ၂၅၀၀ကျပ်၊(လတ်) ၂၃၀၀ကျပ်၊ (သေး) ၂၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကား တစ်ပိဿာပေါက်ဈေးနှုန်းမှာ ဗမာဖြူ (၃၂၀၀-၃၈၀၀)ကျပ်၊ ရှမ်းဖြူ (၃၅၀၀-၄၀၀၀)ကျပ်နှင့် ကြူကုတ် (၄၈၀၀-၅၀၀၀)ကျပ် ဈေးရှိကြောင်းသိရပါသည်။ ကြက်သွန်ဖြူလက်လီ တစ်ပိဿာပေါက်ဈေးနှုန်းမှာ ဗမာဖြူ (၃၈၀၀-၄၂၀၀)ကျပ်၊ ရှမ်းဖြူ (၃၉၀၀-၄၃၀၀)ကျပ်နှင့် ကြူကုတ် (၅၀၀၀-၅၃၀၀)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်းသိရှိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News